ကမ္ဘာပျက်သွားရင်ဘယ်လိုဖြစ်မလဲဆိုပြီး
မခရေညို ကတဂ်ထားတဲ့ပို့စ်လေးပါ၊ကျောင်းစာတွေနဲ့
နပန်းလုံးနေရတော့ ရေးပေးတာနောက်ကျတဲ့အတွက် နားလည်ပေးပါ။ပြီးတော့ စာကောင်းကောင်းမရေးတတ်တာမို့လို့ သည်းခံပြီးဖတ်ပေးသွားကြပါလို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ...။
၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..ဘယ်သူတွေနဲ့မှမရှိချင်ပါဘူး။ဘာကြောင့်လဲဆိုတော့ ကမ္ဘာပျက်တော့မယ်ဆိုတော့ သေချာတာက တော်တော်လေး ဆိုးဆိုးဝါးဝါးနိုင်မှာဘဲ။
ဒါကြောင့် ဘယ်သူ့ကိုမှ အဲဒီလို ဒုက္ခမျိုးမခံစားစေချင်တာကြောင့် ဘယ်သူမှ မရှိလေကောင်းလေဘဲ...။
၂။ဘာတွေခံစားနေရမလဲ..ဘာတွေခံစားနေရမလဲဆိုတော့ သေချာတာက ချစ်သူဆိုက အဖြေတောင်းတဲ့နေ့မှာ ချိန်းထားတဲ့နေရာကို နောက်ကျမှ ရောက်သွားတဲ့ ခံစားမှု့မျိုး
ဖြစ်နေမှာတော့သေချာတယ်။ချက်ခြင်းကြီးဘဲ "၀ုန်း" ခနဲ့ပြိုကျသွားမလား။ဒါမှမဟုတ် ဖြေးဖြေးချင်း တစ်ခုခြင်းဆီ ပြိုကျပြီး ကိုယ့်ဆီဘယ်တော့ရောက်လာမလဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ ဘဲကြည့်နေရမလား။သေချာတာကတော့ ရင်တထိတ်ထိတ်နဲ့ဖြစ်နေမှာဘဲ
၃။ ဘာတွေပြင်ဆင်ထားမလဲဘာတွေပြင်ဆင်ထားမလဲဆိုတာတော့ လင်းနို့တွေလို သစ်ပင်ပေါ်မှာခြေထောက်နှစ်ချောင်းချိန်ပြီး လက်နှစ်ဖက်ကို ဘေးဆန့်ထားမယ်။ဒါမှ တကယ်လို့မြေကြီးပြိုကျသွားရင်လဲ ချက်ချင်းအောက်တော့ရောက်မသွားဘူး၊မိုးပြိုလာခဲ့ရင်လဲခြေထောက်နှစ်ချောင်းနဲ့ထိန်းထားမယ်။ဘယ်/ညာ ကနေ တောင်တန်းတွေပြိုကြလာရင်လဲ လက်နဲ့ကျားကန်ထားမယ်။တော်တော်လေးစဉ်းစားပြီးပြင်ဆင်လိုက်ရတယ်။(ဟဲဟဲ)
၎။ ၀မ်းနည်းမိမှာက၀မ်းနည်းမိမှာကတော့ အမြီးမပေါက်သေးဘူးဆိုပြီးဘဲ။အဲ..အမြီးမပေါက်ဘူးဆိုလို့တစ်မျိုးမထင်နဲ့ဦး အခုချိန်ထိ ချစ်ရမယ့်သူမရှိသေးဘူးလို့ပြောတာပါ..(ဟီးဟီး)။
ကြေငြာဝင်တာတော့မဟုတ်ပါဘူး၊တကယ်ပြောတာပါ။တကယ်လို့စိတ်ဝင်စားတယ်ဆိုရင်သိအောင်ကြိုပြောထားရဦးမယ်။သဘောကောင်းတယ်၊
ရုပ်ချောတယ်၊အလွန်ချစ်တတ်တဲ့ သူတစ်ယောက်ဖြစ်ကြောင်းပါ ထောက်ခံစာရှိတယ်နော်(ဟီးဟီး)
၅။ကြောက်လန့်မိတာက..ကြောက်လန့်မိတာကတော့ ကမ္ဘာပျက်ပြီဆိုမှတော့ သေမှာတော့မလွဲဧကန်မုချဘဲ။တစ်ခုဘဲကြောက်တာ အိပ်ပျော်နေတဲ့ချိန်ပြိုကျသွားရင်ကိစ္စမရှိဘူး။တော်ကြာ နေ့ခင်းကြောင်တောင်ကြီး ကမ္ဘာထပြိုမှ တောင်ပြေးရမလို၊မြောက်ဘဲပြေးရမလိုနဲ့ ကိုယ့်အပေါ် အဆောက်အဦးတွေပြိုကျပြီး ပိပြီးသေရင်တော်တော်လေး ဆိုးဝါးမှာဘဲ။အခုတောင် မျက်စိထဲမြင်ပြီး လန့်နေပြီ..။
၆။ဆောင်ထားချင်တာ..ဆောင်ထားချင်တာကတော့ Mp4 လေးတစ်လုံးရယ်၊နေကာမျက်မှန်လေးတစ်လတ်ရယ်၊ဘန်ကလို လေးတစ်လုံးရယ်၊ပြီးရင်အေးအေး ကမ္ဘာပြိုတာကြီးကို ထိုင်ကြည့်ဦးမယ်။တစ်ခါမှမကြုံဘူးတာ တော်တော်တော့ ကြည့်လို့ကောင်းမှာဘဲ။ အမေရိကန်နိုင်ငံ က WTC အဆောက်အုံကြီးပြိုကျတာတောင် ရိုက်ထားတာ ပြန်ကြည့်ရတာ တော်တော်ကြည့်လို့ကောင်းတယ်.။တကယ်လို့ ကြည့်ချင်တဲ့လူတွေရှိရင်လဲပြောဦးနော် လက်မှတ်ရောင်းမလို့ပါ။ကမ္ဘာပြိုတာကိုအေးအေးဆေးဆေးထိုင်ကြည့်ချင်သူများ ဆက်သွယ်နိုင်ပါတယ်။
၇။ဘာတွေရေးမိမလဲ..ဘာတွေရေးမိမလဲဆိုတော့ မှတ်တမ်းလေးတော့ ရေးချင်သားဗျ။ဘယ်နေ့၊ဘယ်ရက်၊ဘယ်ချိန်၊ဘယ်နေရာကနေ စပြီး ပြိုတယ်ပေါ့ နောက်ဆုံးပြီး အားလုံးပြီးတဲ့အထိ ဘယ်နေရာမှာ ပြီးသွားတယ်ပေါ့။
ဂ။တွေးမိတွေးရာ အတွေးဘာကြောင့် ဘယ်ကနေ ကမ္ဘာပြိုရတာလဲပေါ့..။
၉။ဂုဏ်ယူချင်တာကကြည့်စမ်း..ငါတို့အရင်ရှေ့ကလူဖြစ်သွားတဲ့သူတွေ ကမ္ဘာပြိုတာကို မကြုံဖူးလိုက်ကြဘူး။ငါကျတော့
ကမ္ဘာကြီးပျက်တာကို ကိုယ်တိုင် ကိုယ်ကျ အေးအေးဆေးဆေးထိုင်ကြည့်နေနိုင်တယ်ဆိုပြီး...
"ငါကွ…"(မြောင်းကျော်နေလို့မဟုတ်ဘူးနော်။ ဂုဏ်ယူတာကိုပြောတာ..ငှဲငှဲ)
၁၀။ရှာကြံဖြေသိမ့်မိတာကအော်.."၀ိုင်ဝိုင်း" ဆိုတဲ့ "ဖြေသိမ့်လိုက်" သီချင်းက ငါ့အတွက် ဆိုပေးတာပါလားဆိုပြီးပေါ့
၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်းကမ္ဘာ..ကမ္ဘာ ဟိုအဝေး....
ှရှောက်သီး